Sunday 24 July 2011

မေတ္တာစစ်နှင့် ဒီမိုကရေစီ

ယင်းသို့ ထိုအခါက နိုင်ငံရေးသမားလက်ဟောင်းကြီးများသည် တဘက်နှင့်တဘက် မေတ္တာဓါတ်ထားနိုင်ခြင်းသည် ဒီမိုကရေစီဟူသောဝါဒကို အမှန်အတိုင်းနှစ်နှစ်ကာကာ ယုံကြည်အားထားကြ၍ဖြစ်သည်ဟု သဘောပေါက်မိ၏။ 

နိုင်ငံခြားရန်သူနှင့် စစ်တိုက်စရာမရှိလျှင် အင်္ဂလိပ် နန်းရင်းဝန်ချာချီနှင့် အက်တလီတို့မှာ ရန်သူများကဲ့သို့ စကားဖြင့် အမြဲစစ်ထိုးနေကြ၏။

စစ်တိုက်စရာရှိလျင် သူတို့နှစ်ဦးမှာ ငါးခွေးရှာလို ခွာမရအောင် ပူးကပ်နေကြသည်။ 

ဘယ်တိုင်းပြည်မှ သူတို့လောက်ကောင်းသော မေတ္တာစစ်ဒီမိုကရေစီမရှိပေ။

ဆရာတော်ဦးဥတ္တမကား ၎င်းဒီမိုကရေစီဟူသော စကား၏ အနက်အဓိပါယ်ကို နှစ်နှစ်ကာကာသူကိုယ်တိုင် သဘောပေါက်သလောက်ပင် ဝံသနုအမျိုးသားတို့ကိုလည်း သဘောပေါက်စေလိုလှကြောင်းကို ဂျူဘလီကွန်ဖရင့်မိန့်ခွန်းတွင် အထင်အရှားတွေ့နိုင်သည်။

ဂျူဘလီကွန်ဖရင့်ကစလျက် ၂၁-ဦးဟူ၍ ပေါ်ပေါလာပြီးလျင် ဂျီ၊ စီ၊ ဘီ၊ အေ ကားကွဲစပြုတော့၏။

လူတို့၏ သဘောအယူအဆကား ဤအတိုင်းပင်ဖြစ်ရာ မြတ်စွာဘုရားသော်မှ သံဃာများသင်းကွဲ၍ ပါလိလေယျကတောသို့ ဝင်တော်မူရလေသည်ဖြစ်ရာ ဆရာတော်ဦးဥတ္တမ၏ ညွန်ပြရာကိုလိုက်သော သပိတ် ဂျီ၊ စီ၊ ဘီ၊ အေ ကားဝံသာနုအသင်းပေါင်း ၄၀၀၀-ကျော်မျှ အသင်းဆက်ကြေးပေး၍ ဆက်သွယ်ကြသည်ကို သရက်မြို့ ကါန်ဖရင့်၊ ပေါင်းတည်ကွန်ဖရင့်များ၌ ကျွန်ုပ်တို့ ကိုယ်တွေ့ပင်ဖြစ်သည်။

၂၁ ဦးလူကြီးစု

၂၁  ဦးလူကြီးစုမှ ဦးဘဖေ၊ ပုသိမ်ဦးဘီ၊ ဦးမောင်မောင်အုံးခိုင်၊ ဦးမောင်ကြီး (အမ်အေ)၊ ဦးဘလှိုင် (နယူး ဘားမား)၊ ဦးစိန် (မြန်မာ့အလင်း)၊ ဦးမောင်မောင်ကြီး (၎င်း)၊ ဦးသင်းမောင်၊ ဦးပု၊ ဦးလွန်း၊ ဒေါက်တာဘရင်၊ ဦးထွန်းဝေ၊ ဦးထွန်းလှိုင်(ပဲခူး) ဦးလွန်းမောင် (ညောင်လေးပင်)၊ ဦးဘဦး (မန္တလေး)၊ ဦးကိုကို(သထုံ)၊ ဦးသော်(ကမာရွက်)၊ ဦးမောင်ကြီး (ပျော်ဘယ်)၊ ဦးစိန်ဘ (ကျောက်ဆည်) တို့ ဖြစ်ကြပါသည်။ 

(ဤစာရင်းကား ဖေဖီယန်ဥင်္းဘခိုင်ရေးသော “နိုင်ငံရေးရာဇာဝင်” စာအုပ်မှစာရင်းဖြစ်သည်။) 

၎င်းတို့က ကောင်စီကိုဝင်၍ ပူးသတ်သင့်ကြောင်းနှင့် ကြေညာစာရွက်နှိပ် ဝေဌာရာမှ တိုင်းပြည်က ၂၁-ဦးပါတီဟု ခေါ်ကြသည်။

ငါသာမှန်သည် ငါ့ထက်သာသောသူမရှိဟု သက္ကာယလွန်မင်းလျင်မည်သူမဆို မှားယွင်းနေတတ်သည်ဟုဆိုသော် ငြင်းနိုင်မည်မဟုတ်ချေ။ 

သတ္တုချ၍ စစ်ဆေးကြည့်ရှုလျှင် ဒီမိုကရေးစီအစစ်အမှန်ကို လိုက်နာကျင့်သုံးရန်ဖြစ်ပါက ငါအမှန်ဆိုသော ဝါဒကိုထားခြင်းဖြင့် အောင်မြင်မည် မဟုတ်ပေ။

ငါဟာသာအမှန်ဆိုလျှင် အတိုက်အခံဘက်မှ ဂိုဏ်တစ်ခုကို မုချအလွဲထင်ပြီး လိုလားနိုင်တော့မည် မဟုတ်ပေ။ ဒီမိုကရေစီ စစ်စစ်ကိုလိုလေ သမာသမတ်ကျသော အတိုက်အခံဂိုဏ်းကောင်းကောင်းရှိစေရန်လိုလားအပ်လေဖြစ်သည်။

ဤနည်းသာလျှင် ရိုးဖြောင့်၍ သမာသမတ်ကျသော ဒီမိုကရေစီအနှစ်သာရကို မိမိနှင့်တကွ မိမိအမျိုးပါ ခံစားနိုင်ခွင့်ကို ရရှိစေနိုင်မည် ဖြစ်သည်။ 

အင်္ဂလိပ်မှ လေဘာပါတီအမတ်လေးဦးတို့ ၁၉၅၃-ခုနှစ် ဗမာပြည်သို့ မိတ်ဆက်လာရောက် လည်ပတ်သောအခါက ရန်ကုန်တက္ကသိုလ်တွင် စကားပြောဆိုရာ “ကျုပ်တို့အင်္ဂလန်မှာ ဗမာပြည်လို အခြေခံ ဥပဒေဟူ၍ ရေးဆွဲပြီးမရှိပါ။ 

သို့သော် အတိုက်အခံကောင်းကောင်းရှိလေ အစိုးရအဖွဲ့က ကောင်းလေစနစ်ဖြင့်သာ အင်္ဂလန်သည် တိုးတက်ခဲ့ပါသည်” ဟုပြောသွားဖူးသည်။

အိန္ဒိယတွင် အုပ်ချုပ်သွားသော ဘုရင်ခံချုပ်လော့အာဝင်းက ရိုထရီအသင်း စကားတခါ ပြောဆိုဖူးသည်မှာ “ကျွန်ုပ်တို့အစိုးရဟာ လက်ဝါးကြီးအုပ်ပြီး မိုက်မဲနေသူများ မဟုတ်သလို တဘက်မှ အတိုက်ခံတွေကတော့လူ့ အသိဥာဏ်အားလုံးကို လက်ဝါးကြီးအုပ် ခံယူပြီးတော့ လိမ္မာနေကြသူများ မဖြစ်နိုင်ပါ။ 

ဘယ်သူမဆို ပုထုဇဉ်တို့ သဘာဝအားဖြင့် ချွတ်ချော်တမ်းပါးမှုကလေးတွေတော့ ရှိကြရစမြဲ ဓမ္မတာပါခင်ဗျား။ 

သို့အတွက် ဘယ်သူမဆိုသိမ်းကျုံး အပြစ်ဆိုပြောနေကြမည့်အစား လုပ်ဆောင်နေဆဲ အလုပ်အပေါ်တွင်သာ သင့်တော် မသင့်တော်ဆိုသည်ကို အကျိုးအကြောင်း ပြသဝေဖန်ပိုင်းခြားဖြင့် နှစ်ဦးနှစ်ဘက်က အမှန်ကိုရောက်သည်ထက် ရောက်အောင် ချီတတ်ကြဆိုလျှင် အိန္ဒိယ တိုးတက်မှုခရီးလမ်းဟာ ဖြောင့်စင်းနေစရာ ရှိပါသည်” ဟူ၍ ပြောဖူးလေသည်။ ဒီမိုကရေစီကိုကြိုက်လေ ဒီမိုကရေစီအောင်မြင်ကြီးထွားမှုကို လိုလေလေ ဝေဖန်ခြင်းကို နာခံလေလေ ရှိစေရမည်။

တဖက်က ခရေစေ့တွင်ကျ ဝေဖန်ခြင်းကိုခံရသဖြင့် အခြားတဖက်က ဝေဖန်ခြင်းထက် ပို၍ကောင်းအောင် ကြိုးစားလာပေလိမ့်မည်။

အင်္ဂလိပ်ပညာရှိအမတ်ကြီး လော့ဇက်တလင်းက အိန္ဒိယသို့ လာပြီးနောက် ဗုဒ္ဓဘာသာစာပေတို့ကို လေ့လာပြီးလျှင် ထုတ်ဖော်ရေးသားလိုက်သည်မှာ ကျွန်ုပ်တို့ အင်္ဂလိပ်နှင့် ဥရောပတိုက်များ ယခုလောလောဆယ် အလွန်ယဉ်ကျေးသိမ်မွေ့ပါသည်ဟူ၍ လိုက်နာကျင့်သုံးနေသော ဒီမိုကရေစီ အနှစ်သာရများကို လွန်ခဲ့သောနှစ်ပေါင်း ၂၀၀၀-ကျော်က ပွင့်တော်မူသော ဂေါတမမြတ်စွာဘုရားသည်ကား အံ့ဖွယ်ဖြစ်သည်” ဟူ၍ပင် ရေးသားထားသည်။

သို့ဖြစ်ရာ ဂျီ၊ စီ၊ ဘီ၊ အေ ကွဲစဉ်အခါကပင် ကောင်စီဝင်သင့် မဝင်သင့်ဟူသော ပြနာတရပ်ကြောင့် တဖက်သတ် ပြင်းပြင်းထန်ထန် ပုဂ္ဂလဒိဌာန်ဖြင့် ရှုံ့ချခြင်းမျိုးကို ဆရာတော်သည်နှစ်သက်တော် မမူဘဲ ကောင်စီဝင်၍ အကျိုးမရှိကြောင်းမိမိထင်မြင်ချက်ကို တိတိကျကျပြောဆိုဝေဖန်တော်မူသော်လည်း တဘက်နှင့်တဘက် ဝိဝါဒကိုဦးတည်၍ အရမ်းပုတ်ခတ်စွပ်စွဲ ဆဲရေးကြခြင်းကို ရှောင်ရှားဖို့ ၁၂၈၄-ခုနှစ် ဂျူပလီဟောအစည်အဝေး အကျယ်တဝင့် ဟောတော်မူသည်။

(၎င်းမိန်ခွန့် အစအဆုံးကို နောက်ဆက်တွဲ ဖော်ပြထားပါသည်။)

ဒီပဲရင်းဝန်ထောက်ဦးမြဲနှင့် ဦး ဥတ္တမ

ဆရာတော် ဦးဥတ္တမ မအူပင်တွင် ၁၂၈၂-ခုနှစ်၊ ထောင်ကျပြီးသည့်နောက်မှ ၀ံသာနုအသင်းတို့သည် အလွန် တိုးတက်ကြီးမာလာခဲ့ရာ မန္တလေးမြို့တွင် (၆)ကြိမ်မြောက်ကျင်းပသော ၁၂၈၃-ခုနှစ်၊ ဂျီစီဘီအေ ကွန်ဖရင့်ကြီး မကြုံစဖူးအောင်များပြားသော ပရိတ်သတ်ကို ကျွန်ုပ်တို့တွေ့ခဲ့ရသည်။

(၈)ကြိမ်မြောက် ပြည်မြိုတွင် ကျင်းပသောကွန်ဖရင့်ကိုလည်း ရောက်ခဲ့ဖူး၏။ 

ထိုမျှမများပေ။ မန္တလေး၌ ပရိတ်သတ်ကိုယ်စားလှယ်ရော ဧည့်သည်ပါ တစ်သိန်းကျော်သည်ဟု ခန့်မှန်းရသည်။
     
လူထုပရိတ်သတ်၏ စိတ်ဆန္ဒများလည်း လွတ်လပ်ရေးအတွက် ပြင်းထန်လာလေရာ အုပ်စိုးသူ အင်္ဂလိပ်တို့နှင့် ဆန့်ကျင်ရမည့်ကိစ္စတို့တွင် အထူစိတ်ထက်သန်လျက်ရှိပြီး ထိုကွန်ဖရင့်အစည်းအဝေးမှ တိုင်းခမ်းလှည့်လည်လာသော ဝေလမင်းသားကို သပိတ်မှောက်ရန် တသံတည်းပင် ဆုံးဖြတ်ကြသည်။ 

ဟုမ္မရူးခေါ် ကိုယ်ပိုင်အုပ်ချုပ်ရေးထက်လျော့၍ မည့်သည့်အုပ်ချုပ်ရေးကိုမျှ လက်မခံဟုပင် ဆုံးဖြတ်ခဲ့ကြသည်။
      
ထိုကွန်ဖရင့်၌ ဒီပဲရင်းဝန်ထောက် နေမျိုးသီရိကျော်ထင် မြန်မာမင်းလက်ထက် ဘွဲ့တံဆိပ်ရပုဂ္ဂိုလ်ကြီးက နာယကအဖြစ်ဆောင်ရွက်၏။ 

ထိုပုဂ္ဂိုလ်၏မိန်းခွန်းတွင် ဆရာတော် ဦးဥတ္တမ၏ဂုဏ်ကျေးဇူးတို့ကို အောက်ပါအတိုင်း ထည့်သွင်းပြောဆိုလေသည်။ ၁၂၈၄- ခုနှစ်၊ သီတင်းကျွတ်လဆန်း ၅- ရက်နေ့တ်  နေပြည်တော်ဂျာနယ်’ “ရှေးစကားဟောင်း” ဟူ၍ဖေါ်ပြပါရှိ